ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်


MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင် (Book club)၊ (Woman club)၊ (Youth Club) အသင်းများ စု‌ပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့နေ့လယ် (၁:၀၀) နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ စာဖတ်ဝိုင်းတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာခဲ့ပြီး စာဖတ်ဝိုင်းကို ဦးဆောင်ဆွေးနွေးရာ စာရေးဆရာ “မောင်မင်းစိုး”၏ “လူငယ်နဲ့အပြောင်းအလဲ” စာအုပ်ထဲမှ “လူငယ်နဲ့ပရဟိတစိတ်ဓာတ်”ခေါင်းစဉ်ဖြင့် ဦးစွာ ဆွေးနွေးခဲ့သည်။ ထို့နောက် (Women club)အသင်းမှ ဒေါ်အေးမှုံက “မြင့်မြတ်သူတို့၏ လမ်းကြောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth club)အသင်းမှ ဦးငိုလှိုင်က “လူငယ်နှင့်သိစိတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် Club အသင်းသားများကလည်း “သံသရာခရီးသည်၊ ငါ့ကိုချစ်လို့ သူပြုပြင်၊ လူအမျိုးမျိုးစိတ်အဖုံးဖုံး၊ တန်ပြန်သက်ရောက်မှုများနှင့် လူငယ်နှင့်အပြောင်းအလဲ” စသည့် ခေါင်းစဉ်များမှ မိမိတို့‌လေ့လာဖတ်ရှု့ခဲ့သည့် အကြောင်းအရာများကိုလည်း အပြန်အလှန် ဆွေးနွေးသွားကြကြောင်း သိရသည်။


အဆိုပါ “လူငယ်နဲ့အပြောင်းအလဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် ပတ်ဝန်းကျင်နှင့် လူများအပေါ် အမြင်များ ပိုမိုကျယ်ပြန့်လာပြီး လူတို့၏ စိတ်ပိုင်းဆိုင်ရာအမျိုးမျိုးကိုလည်း ပိုမိုနားလည်လာ၍ စိတ်ပိုင်ဆိုင်ရာခွန်အားအမျိုးမျိုးတို့ကို ရရှိ‌ခဲ့‌ကြောင်း စာဖတ်ဝိုင်းဆွေးနွေးသူ တစ်ဦးထံမှ သိရသည်။


ချစ်မျိုးဦး

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)