သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲကျင်းပ



MNP ၊ ဇူလိုင်   ၁၇

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲ ကို  သံတွဲခရိုင်လူထုအခြေပြုဗဟို ဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာဒိုင်အဖွဲ့ဝင်  Book Club အဖွဲ့နာယက မြင့်စိုး က ကဗျာအတွေးအမြင် ရေးသားမှုပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပရာ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade - 9 , 10, 11, 12  ကျောင်းသား/သူ ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုလိုပြိုင်ပွဲများကျင်းပပေးရခြင်းမှာ  ကျောင်းသား၊ ကျောင်းသူလေးများ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေ ကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊အတွေးအခေါ်ရင့်သန်လာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)