မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Ling Jiou Mountain(H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှ အလှူငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Ling Jiou Mountain(H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှ အလှူငွေပေးအပ်


MNP ၊ ဇူလိုင် ၄

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများမှ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Ling Jiou Mountain (H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် White Jade Wang Interprise Co.,Ltd မှ Managing Director ဦးတင်ဆန်းမြင့်က မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများမှ သာသနိက အဆောက်အဦများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လင်ဂျူးတောင် ဆရာတော်ကြီး၏ ဆန္ဒအရ အလှူငွေကျပ်သိန်း ၂၀၀ လာရောက်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကာလဒါနဖြစ်၍ ကုသိုလ်အထူးရပါကြောင်းနှင့် အလှူငွေများကို လိုအပ်သောနေရာ၊ လှူဒါန်းလိုသောနေရာသို့ အရောက်ပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Ling Jiou Mountain (H.K) Buddhist Society Limited မှ အလှူငွေကျပ်သိန်း ၁၀၀ နှင့် White Jade Wang Interprise Co.,Ltd တို့မှ အလှူငွေကျပ်သိန်း ၁၀၀ စုစုပေါင်း အလှူငွေကျပ်သိန်း ၂၀၀ ကို White Jade Wang Interprise Co.,Ltd မှ Managing Director က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)