MNP ၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားသောသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် အနောက်တာရိုးလမ်း ကွက်သစ်ရပ်ကွက်၌ တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဉီးတင်မောင်ဝင်း(HA1)က ဉီးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး ခြင်ပေါက်ပွားနိုင်သည့် ရေကန်များ၊ ရေသိုလှောင်ကန်များ၊ အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ကြသည်။
ဟုမ္မလင်းမြို့နယ်တွင် စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းများကို သတ်မှတ်ရက်အလိုက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment