ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်



MNP ၊ ဇူလိုင် ၁၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန်     တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ် ၁ စီးသည်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှဆန် ၈၀၀၀ အိတ် နှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management  (AHA Centre) မှ မိသားစုသုံးပစ္စည်း ၂၅၉၀ စုံ၊ မီးဖိုချောင်သုံးပစ္စည်း ၃၁၇၄ စုံ၊ ဆေးဝါးပစ္စည်း ၁၅၀၀၀ စုံ၊ ရွက်ဖျင်တဲ ၁၅၁၆ လုံး၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်း ၁၀၇၆ အိတ် ၊ စောင် ၅၀၀၀ ထည်၊ သံကြိုးလွှစက် ၂၀ လက်၊နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် ၅၀ စုံ၊ VRLA ဘက္ကထရီ ၅၀ လုံး၊ တာပေါ်လင် ၁၀၀၀ လိပ်၊  နှင့် မွေ့ရာလိပ် ၂၀၀ ခု စုစုပေါင်း ကုန်တန်ချိန် ၇၄၉ တန်အား ရန်ကုန်မြို့ ၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်း ဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)