ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်လှစ်

 


MNP ၊ ဇူလိုင် ၅

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် လုပ်သား များကို ထိုင်းနိုင်ငံ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ လုပ်ငန်း ခွင်တွင် လုပ်ကိုင်ဆောင်ရွက် ရာ၌ ဥပဒေပါ သိသင့်သိထိုက်သည့် အခြေခံအချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမားများ၏ လုပ်ခလစာများ တရားဝင်ငွေလွှဲခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကိုပါ ထည့်သွင်းပို့ချသွားမည် ဖြစ်ကြောင်း။

လုပ်သားများအနေဖြင့် မိမိအား တာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ အမည်နှင့်ဖုန်းနံပါတ်များ၊ သွားရောက်လုပ်ကိုင်မည့် စက်ရုံအမည်၊ လိပ်စာ၊ အလုပ်သမား သံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ်များကို သိရှိအောင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ပြည်ပလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ခလစာရရှိပါက မိသားစုလွှဲပို့ငွေများ ပုံမှန်လွှဲပို့နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးနေသည့်ရုံးများနှင့် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင် နေသည့်ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး HRD-Korea မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

အဆိုပါ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်မှုသင်တန်းကို ဇူလိုင် ၄ ရက်မှစတင်၍ ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မပြုလုပ်မီ တစ်ရက် ကြိုတင်ခေါ်ယူပြီး တစ်ရက်လျှင် လေးကြိမ်၊ တစ်ကြိမ်လျှင် အလုပ်သမားဦးရေ ခန့်မှန်း ၂၀၀ ဖြင့် နှစ်နာရီကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သို့ ရောက်ရှိ ပြီး ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက် ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး အတွင်းလူနာကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာ ကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment