ဒိုက်ဦးမြို့တွင် NLDပါတီ ထောက်ခံအားပေးခဲ့သူနှစ်ဦးအား PDF အကြမ်းဖက်သမားများ ၂ဦး က သေနတ်ဖြင့် လာရောက်ပစ်ခတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့တွင် NLDပါတီ ထောက်ခံအားပေးခဲ့သူနှစ်ဦးအား PDF အကြမ်းဖက်သမားများ ၂ဦး က သေနတ်ဖြင့် လာရောက်ပစ်ခတ်



MNP ၊ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့တွင် ၂၀၂၀ပါတီစုံရွှေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့သူ နှစ်ဦးအား PDF အကြမ်းဖက်သမားများမှ သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ် နှုတ်ပိတ်ခဲ့သဖြင့် တာဝန်ရှိသူများမှ ဆေးရုံသို့တင်ပို့ ဆေးကုသပေးနေကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက် ၅နာရီခွဲခန့်က အမှတ်(၃)ရပ်ကွက်၊ ကျောင်းကြီးလမ်း၊ မြို့နယ်စည်ပင်သာယာရုံးရှေ့ လမ်းမကြီးပေါ်တွင် ကိုအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်း (ဈေးရောင်း) နှင့် ကိုခင်မောင်ထွေး (ဈေးရောင်း) တို့သည် လမ်းမပေါ်၌ ဘောလုံးကစားနေစဉ် PDF အကြမ်းဖက်သမား ၂ဦး ဆိုင်ကယ်ဖြင့် ကျောင်းကြီးလမ်းအတိုင်း မောင်းနှင်လာပြီး ဆိုင်ကယ်ပေါ်မှနေ၍ သေနတ်အတိုဖြင့် (၅)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကိုအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်းတွင် ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ကောက်ဝတ် ကျည်ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ ယာဘက်ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ကျောကုန်း ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် (အတွင်းလူနာ/မစိုးရိမ်ရ)နှင့် ကိုခင်မောင်ထွေးတွင် ဝဲဘက်ခြေသလုံးကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ယာဘက်ဒူး ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်(အတွင်းလူနာ/မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရာရရှိသူ ကိုအောင်ဆန်းဝင်း(ခ)ကိုဆန်းဝင်း နှင့် ကိုခင်မောင်ထွေးတို့ (၂)ဦးအား ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ပဲခူးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)