MNP ၊ ဇူလိုင် ၇
ပြည်ပြေး ဝရမ်းပြေး NUG(NLD)အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေသော ဆင်ခြင်တုံတရားမရှိသည့် PDF အကြမ်းဖက်သမားများကို ဖမ်းဆီးထိန်းသိမ်းအရေးယူဆောင်ရွက်လျက်ရှိရာ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားတချို့ကို သက်ဆိုင်ရာတရားရုံးများတွင် ယမန်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များနှင့် ပတ်သက်ဆက်နွယ်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားသောသော PDF အဖွဲအား အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သိလျက်နှင့် အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ထွန်းဆန်းဦး(ခ)ဝင်းနောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ အင်တောရိုးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် မိုင်းဖောက်ခွဲမှုများ ပြုလုပ်ရန်အတွက် မိုင်းဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့်ဖြိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ် ၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ ချောင်းဦးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်ကာ ၎င်းတို့ဖွင့်လှစ်သော သင်တန်းရန်အတွက် သွားရောက်စဉ် လမ်းတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ တရားခံ ဖိုးသိုင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များနှင့် ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်ကာ ၎င်းတို့ဖွင့်လှစ်သော သင်တန်းတက်ရောက်ရန် သွားရောက်စဉ် လမ်းတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ တရားခံ သန့်ဇင်အောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်ကာ ၎င်းတိုဖွင့်လှစ်သော သင်တန်းရန်အတွက် သွားရောက်စဉ် လမ်းတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ တရားခံ အောင်မျိုးထိုက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ကာ တရားမဝင်ဖွဲစည်းထားသော ၎င်းတို့အဖွဲ့တွင် ပါဝင်ခဲ့သူ တရားခံ နေကျော်ထက်အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရှိရပါသည်။
တန့်ဆည်မြို့နယ်၊ သစ်တော်ပေါက်(မ)ကျေးရွာ နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်များအားပေးထောက်ခံသည့် စာများနှင့် ၎င်းတို့အဖွဲ့တွင် ဝင်ရောက်ရန် စည်းရုံးလှုံ့ဆော်ခဲ့မှုများ ပြုလုပ်ခဲ့သူတရားခံ ဇော်ဝင်းထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ကာ PDF များနေထိုင်ရန် ၎င်းပိုင်နေအိမ်အား ငှာရမ်းပေးခြင်းနှင့် ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မရီဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး တပ်မတော်ဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်၍ လိုက်ပါဆောင်ရွက်ခဲ့သူ တရားခံ ငြိမ်းယုယုဆွေ(ခ) အိရှန်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ခင်ဦးမြို၊ မြကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး တပ်မတော်ဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်၍ လိုက်ပါဆောင်ရွက်ခဲ့ခြင်းနှင့် ၎င်းရပ်ကွက်တွင် မူလွန်ကျောင်းမှ CDM ပြုလုပ်ထားသူ တရားခံ ဒေါ်ထွေးထွေးဝင်း အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
NLD ပါတီကို အားပေးထောက်ခံသူများသည် ဥပဒေကို လေးစားလိုက်နာခြင်းမရှိ ပြည်ပြေး ဝရမ်းပြေးများ၏ လှုံ့ဆော်မှုများနောက်တွင် ဆင်ခြင်တုံတရားကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် ဥပဒေအရ ပြစ်ဒဏ်များချမှတ်ခံနေရခြင်း ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment