MNP ၊ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျော်မကြားကျေးရွာရှိ အမက(ကျော်မကြား)အား ယမန်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက စာသင်ကျောင်း အတွင်းဝင်ရောက်၍ လက်လုပ်မိုင်းဖြင့် ကောက်ကျစ်ယုတ်မာစွာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းကြောင့် စာသင်ကျောင်း ပြတင်းပေါက်မှန် ၆၆ ချပ်၊ မျက်နှာကျက် ၂၀ ချပ်၊ သွပ် ၂၀ ချပ် ပျက်ဆီးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment