MNP ၊ ဇူလိုင် ၄
တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ် သင်္ကန်းတုံးကျေးရွာအနီး လုံခြုံရေးတပ်ဖွဲများနှင့် PDF ၃၀ ဦးခန့်တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းအမြောက်အများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေမှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ၏ (၁) လက်နက်မျိုးစုံ ၁၇ လက်၊ (၂) ကျည်အိမ် ၄ ခု၊ (၃) ကျည်မျိုးစုံ ၃၃၅ တောင့်၊ (၄) ၄၀ မမဗုံးသီး ၁၁ လုံး၊ (၅) လက်ပစ်ဗုံး ၂ လုံး၊ (၆) လက်လုပ်ဗုံးသီး ၂၁ လုံး၊ (၇) ဗိုအားမြင့်စက် ၁ လုံး၊ (၈) ဒီတိုနေတာ ၅၀ ချောင်း၊ (၉) ယမ်းမှုန့် ၂ ပိဿာခန့် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အစိုးရ မှ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သော်လည်း PDF အကြမ်းဖက်သမားများမှာ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံနှိမ်နင်းနေရပြီး ဇွန်လကုန်ပိုင်းမှစ၍ လက်နက်ခဲယမ်း သိန်းပေါင်း (၅၀၀၀)ကျော်ဖိုးထက် မနည်း ဖမ်းဆီးနိုင်ခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment