ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၅ဦးသေဆုံးပြီး သံဃာတော် ၃ပါးအပါအဝင် ၇ဦး ထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၅ဦးသေဆုံးပြီး သံဃာတော် ၃ပါးအပါအဝင် ၇ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအား ယနေ့နံနက်ပိုင်းတွင်  PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင်  ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအတွင်းသို့ ယနေ့နံနက် ၄ နာရီ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ရိုးသား စွာနေထိုင်လုပ်ကိုင်စားသောက်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ ၁၅ ဦး ဗုံးစ ထိမှန် သေဆုံးခဲ့ပြီး သံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူနိုင်ရန်အတွက် မုံရွာမြို့ရှိတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ ယုတ်မာရက်စက်စွာ  လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ ပြည်သူ ၁၀ ဦးထက်နည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြပြီး ပင်လောင်းမြို့နယ်တွင်လည်း သံဃာတော် ၃ပါးနှင့် ဒေသခံပြည်သူ ၂၂ဦး ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)