စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စခန်း ပြုလုပ်၍ ခိုအောင်းနေသော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စခန်း ပြုလုပ်၍ ခိုအောင်းနေသော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ



MNP ၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များက သွားရောက်ရှာဖွေရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၅ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်သမားများက ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ အကာအကွယ်ယူ၍ လုံခြုံရေးအဖွဲဝင်များအား စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ရာ လုံခြုံရေးအဖွဲဝင်များက ပြန်လည် ပခတ်ဖမ်းဆီးခဲ့ရပြီး PDF ပဒက်ကင် ၅ ကင်၊ အမ်-၂၂ သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၄ လက်၊ အမ်-၂၂ ကျည် ၃၈၀ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ ပြောက်ကျားယူနီဖောင်း ၂၁ စုံ၊ မီးခိုးယူနီဖောင်း ၉ စုံ၊ ကား ၁ စီး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ KIA ကျောပိုးအိတ် ၃ လုံး၊ လျှာထိုးဦးထုပ် ၈ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းဘုန်းကြီးကျောင်းဝန်းအတွင်းသို့ အသေးစိတ် ရှာဖွေရှင်းလင်းခဲ့ရာ ဆွမ်းစားဆောင်အတွင်းမှ အမ်-၂၂ ကျည် ၁၃၄ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံး တို့အား ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment