လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ကြက်ခြံပိုင်ရှင်က သတင်းပေးသည်ဆိုကာ လူရမ်းကား PDF အကြမ်းဖက်သမားများက ကြက်ခြံပိုင်ရှင်ကို သတ်ဖြတ်ပြီး ကြက်ခြံများကိုပါ မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ကြက်ခြံပိုင်ရှင်က သတင်းပေးသည်ဆိုကာ လူရမ်းကား PDF အကြမ်းဖက်သမားများက ကြက်ခြံပိုင်ရှင်ကို သတ်ဖြတ်ပြီး ကြက်ခြံများကိုပါ မီးရှို့ဖျက်ဆီး


MNP ၊ ဇူလိုင် ၇

စစ်ကိုင်းမြို့နယ် မန်ကျီးကန်ကျေးရွာအနီးတွင် ယမန်နေ့ နေ့လည်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ခဲ့ပြီး  PDF အကြမ်းဖက်သမား ၃ဦးကို အသေဖမ်းဆီးရမိခဲ့သည်။

PDF အကြမ်းဖက်သမားများထံ မှ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ အမ် ၂၂ ကျည် ၄၆ တောင့်၊ ၅.၅၆ မမကျည် ၁၀၃ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၇ လုံး၊ - လက်လုပ် ၄၀ မမဗုံးသီး ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PDF အကြမ်းဖက်သမားများက မန်ကျီးကန်ကျေးရွာရှိ ကြက်ခြံပိုင်ရှင်က လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးခြင်းကြောင့် ၎င်းတို့ နှိမ်နင်းခံရသည်ဆိုကာ ကြက်ကြံပိုင်ရှင်အား သတ်ဖြတ်ပြီး ကြက်ခြံများကိုပါ မီးရှို့သွားခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ က အပြစ်မဲ့ ပြည်သူများအပေါ် ထင်ရာမြင်ရာစွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ်နေခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment