စစ်ကိုင်းမြို့နယ်၊ မန်ကျီးကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ မန်ကျီးကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိ




MNP ၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန်ကျီးကန်ကျေးရွာအနီးတွင် ယမနေ့ နေ့လည် ၂နာရီခန့်က PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ အမ် ၂၂ ကျည် ၄၆ တောင့်၊ ၅.၅၆ မမကျည် ၁၀၃ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၇ လုံး၊ လက်လုပ် ၄၀ မမဗုံးသီး ၁၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အကြမ်းဖက်သမားများကို ရှင်းလင်းပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)