စီးပွားဖြစ် စပါးခွံလောင်စာတောင့်ထုတ်လုပ်မှုများနှင့် ဒေသရှိ Renewable ကုန်ကြမ်းများမှ ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီးပွားဖြစ် စပါးခွံလောင်စာတောင့်ထုတ်လုပ်မှုများနှင့် ဒေသရှိ Renewable ကုန်ကြမ်းများမှ ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန်လိုအပ်


MNP ၊ ဇူလိုင် ၃၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်၊ ဝါးခယ်မနှင့် အိမ်မဲမြို့တို့ရှိ စပါးခွံ လောင်စာသုံး Gasifier စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့ မြစ်ကမ်းဘေးရှိ မျိုးမြတ်မွန်ဆန်စက်၌ စပါးခွံလောင်စာသုံး ဓာတ်ငွေ့ထုတ်စက်ရုံ လည်ပတ်နေမှုနှင့် စီးပွားဖြစ်စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရွှေပြည်မိုးအဆင့်မြင့်ဆန်စက်၊ ဝါးခယ်မမြို့ရှိ တော်ဝင်(၂)ဆန်စက်၊ အိမ်မဲမြို့ရှိ သီရိဇေယျာအောင်ဆန်စက်တို့၌ ခေတ်မီစက်ကြီးများ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး ဓာတ်ငွေ့ထုတ်စက်ရုံလည်ပတ်နေမှု၊ စွန့်ပစ်ရေများကို ရေစစ်ကန်များဖြင့် သန့်စင်စွန့်ပစ်နေမှု၊ ထွက်ရှိလာသည့် ပြာနှင့်ကတ္တရာများ ဖယ်ရှားနိုင်မှု၊ အင်ဂျင်နှင့် ဒိုင်နမိုတပ်ဆင်အသုံးပြုမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးဒုတိယဝန်ကြီးက စီးပွားဖြစ် စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုများနှင့် ဒေသရှိ Renewable ကုန်ကြမ်းများမှ ထုတ်ကုန်များကို ပြည်ပဈေးကွက်တွင် ထိုးဖောက်နေရာယူနိုင်သည်အထိ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် နည်းပညာများကို လွှဲပြောင်းပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)