တာမွေမြို့နယ်တွင် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်




MNP ၊   ဇူလိုင် ၃

မြန်မာအမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးပြီး အမျိုးသမီးများဘဝ ဘေးကင်းလုံခြုံ စေရေး၊ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးပိုမိုရရှိလာခြင်းဖြင့် နိုင်ငံ၏ လူ့အခွင့်အရေး စံချန်စံညွှန်းများ မြင့်မားလာပြီး အမျိုးသမီးထုရဲ့ စွမ်းပကားကို ပိုမိုအသုံးချနိုင်တဲ့အတွက် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူပြုလာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ “ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဖြူဖြူစံမှ မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရမှုများ၊ အမျိုးသမီးများဘဝလုံခြုံရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ နိုင်ငံတော်အစိုးရက တောင်ပေါ်မြေပြန့် ခွဲခြားမှုမရှိဘဲ အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးမှစ၍ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်အမြဲ လေ့ကျင့်ပြုစု ပျိုးထောင်ပေးနေမှုများ၊ အမျိုးသမီးကောင်းတစ်ယောက်တွင်  ရှိသင့် သည့် ဂုဏ်အရည်အသွေးများနှင့် အဆိုပါ ဂုဏ်အရည်အသွေးများ မပျက်ယွင်း၊ မချို့တဲ့စေရေး ထိန်းသိမ်းမြှင့်တင်ရန် အချက်များ၊ အမျိုးသမီးများအနေဖြင့် မပျက်မကွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ စသည်ဖြင့် အမျိုးသမီးများ၏ဘဝကို အမျိုးသမီးများကိုယ်တိုင်နှင့် ပြည်သူလူထု တစ်ရပ်လုံးက လေးစားမြတ်နိုးတန်ဖိုးထားတတ်လာပြီး အနာဂတ်အမျိုးသမီးများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန် လာစေရေးအတွက် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး Talk Show အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်း ရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment