ဝန်းသိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်းသိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်


MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က  (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်အေးသီတာစိုးက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့်ပတ်သက်ပြီး ပြဌာန်းထားသော ဥပဒေများ၊ ကလေးအလုပ်သမား များပြားလာရခြင်းအကြောင်းအရင်း၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေရခြင်းအကြောင်းအရင်း၊ အန္တရာယ်ရှိသောလုပ်ငန်းများအကြောင်း၊ ကလေးများလုပ် သောအလုပ်နှင့်ကလေးသူငယ်အခွင့်အရေးအကြောင်း၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့်ပတ်သက် ၍ရပိုင်ခွင့်များ၊ ကလေးအလုပ်သမားများအတွက် အကာအကွယ်ပေးထားသည့် အက်ဥပဒေများအကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။


ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နေ့ထူးနေ့မြတ်များအကြောင်း ဆွေးနွေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိ ပညာပေးဆွေးနွေးခြင်းနှင့် စာပေဗဟုသုတရရှိစေမည့် အကြောင်းအရာများ ဆွေးနွေးမှုတို့ကို ပြည်သူများအတွက်  Online မှတဆင့် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။  


ထွန်းထွန်း

https://t.me/MyanmarNationalPost 




No comments:

Post a Comment