ကျိုက်ထိုမြို့နယ် တွင် မြန်မာအမျိုးသမီးနေ့ အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် တွင် မြန်မာအမျိုးသမီးနေ့ အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊   ဇူလိုင် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့ တို့ ပူးပေါင်းပြီးဇူလိုင်(၃)ရက်နေ့  နေ့လယ် (၁)နာရီက မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


  ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်သန်းသန်းမော်က  မြန်မာအမျိုးသမီးများ၏ စရိုက်လက္ခဏာများ ၊အရေးပါပုံများကို လူငယ်လူရွယ် များသိရှိ‌ စေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

     

   ထို့နောက် မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းစိုးက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ အကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်သင်းသင်းဦးက မြန်မာအမျိုးသမီးများ၏ထူးခြားသည့်ဂုဏ်ဒြပ်များအ‌ကြောင်းကိုလည်းကောင်း၊အဖွဲ့ဝင် ဒေါ်စုခိုင်ဇာက အမျိုးသမီးများ၏စရိုက်လက္ခဏာနှင့် အရေးပါပုံအကြောင်းစသည်တို့ကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။

   

ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)