MNP ၊ သြဂုတ် ၁၅
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော် နှင့် သံရုံးမိသားစုဝင်များသည် ၁၃-၈-၂၀၂၃ ရက်နေ့၊ ၁၀ ၃၀ နာရီမှ ၁၄ ၃၀ နာရီအထိ လန်ဒန်မြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ကျင်းပပြုလုပ်သည့် ASEAN Family Day သို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လန်ဒန်မြို့အခြေစိုက် အာဆီယံနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အာဆီယံ-လန်ဒန် ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် သံအမတ်ကြီး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သံရုံးအကြီးအကဲများမှ အမှတ်တရ ကိတ်ခွဲခဲ့ကာ သံရုံးအကြီးအကဲများနှင့် ပါဝင်တက်ရောက်ကြသူများမှ အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားတွင် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကျင်းပခဲ့ပြီးနောက် နိုင်ငံအလိုက် ရိုးရာအစားအစာများဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရသည်။
#MyanmarNationalPost



No comments:
Post a Comment