တိုကျိုမြို့တွင် ကျင်းပသည့် “ASEAN Month 2023” ဧည့်ခံပွဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်းများ ခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုကျိုမြို့တွင် ကျင်းပသည့် “ASEAN Month 2023” ဧည့်ခံပွဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်းများ ခင်းကျင်းပြသ






MNP ၊ သြဂုတ် ၁၆

(၅၆) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် “ASEAN Month 2023” ဧည့်ခံပွဲအား တိုကျိုမြို့အခြေစိုက် ဖိလစ်ပိုင်သံရုံးမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၊ ၁၈:၀၀ နာရီမှ ၂၀:၀၀ နာရီအထိ တိုကျိုမြို့ New Otani ဟိုတယ်၌ ကျင်းပခဲ့ရာ တိုကျိုမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် Mr. Yutaka Arima နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြား ရေးမှူးချုပ် Mr. Kazuya Endo တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါဧည့်ခံပွဲသို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီးဦးစိုးဟန်နှင့်ဇနီး၊ မြန်မာသံရုံး အရာထမ်းများ ပါဝင်တက်ရောက်ခဲ့ပြီး အာဆီယံသံရုံးများက မိမိတို့နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် ရိုးရာဝတ်စုံများ ခင်းကျင်းပြသခဲ့ကြပြီး၊ တက်ရောက်လာသူများအား အာဆီယံနိုင်ငံများ၏ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့မှလည်း မြန်မာ့ ယဉ်ကျေးမှုပစ္စည်းများဖြစ်သော မြန်မာ့စောင်း၊ ငွေဆွမ်းအုပ်၊ မြန်မာနိုင်ငံထွက်ကုန်ကော်ဖီများနှင့် မြန်မာ့ရိုးရာ ထိုင်မသိမ်းဝတ်စုံတို့ကို ပါဝင်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါဧည့်ခံပွဲတွင် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mylene J. Garcia-Albano က အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ တိုကျိုမြို့ အခြေစိုက် အာဆီယံသံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ၊ အာဆီယံ၏လက်ရှိဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု၍ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Heri Akhmadiနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Yutaka Arima တို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။ 

ထို့နောက် ဖိလစ်ပိုင်တေးဂီတအဖွဲ့က ASEAN Anthem ကို သံပြိုင်သီဆိုခဲ့ပြီး အာဆီယံနေ့ ဂုဏ်ပြုတေးသီချင်းများ၊ ဖိလစ်ပိုင်တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)