ပေါင်မြို့နယ်တွင် မိုးရာသီ ရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် မိုးရာသီ ရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကျင်းပ







MNP ၊  ဩဂုတ်  ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီရိုးရာခြင်းလုံးသင်တန်းဆင်းပွဲကိုယနေ့ နံနက် (၁၁)နာရီက (အထက) မုတ္တမ ကျောင်း၌ပြုလုပ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အားကစားနှင်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသီတာအောင် က ရိုးရာခြင်းလုံးကစားနည်းသည် ရှေးယခင်ကတည်းက ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံကဂုဏ်ယူစရာကောင်းအောင်  ကမ္ဘာကျော်ခဲ့ကြောင်း၊ခြင်းလုံးကစားခြင်းဖြင့် ကျန်းမာရေးအတွက် သွေး၊လေ ညီညွတ်ခြင်းအပြင် မြန်မာ့အားကစား ကိုထိန်းသိမ်းရာလည်းရောက်ကြောင်းပြောကြားခဲ့သည်။


ထို့နောက် ကျောင်းအုပ်ဆရာမကြီး  ဒေါ်ကျင်သန်း က ယခုလို့အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့်ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးလူရည်ချွန်များပေါ်ထွက်လာမည်ဖြစ်ကြောင်းကျေးဇူးတင်စကားပြောကြားသည်။


အဆိုပါ  သင်တန်းဆင်းပွဲကို မြို့နယ်အားကစားမှူး၊ကျောင်းအုပ်ဆရာမကြီး၊ကျောင်းအကျိုးတော်ဆောင်များ ၊ကျောင်းသား၊ကျောင်းသူများက တက်ရောက်ခဲ့ကြသည်။ထို့ပြင် သင်တန်းသား (၃၀)ဦးတို့က ရိုးရာခြင်းလုံးဖြင့်သရုပ်ပြခဲ့ပြီး သင်တန်းကာလမှာ ရက်(၃၀)ကြာသင်ကြားခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)