MNP ၊ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်အုပ်စု၊ မယ်တော်ပျံကျေးရွာ ကွင်းအမှတ် ၃၈၀(A)၊ ဦးပိုင်အမှတ် ၄၃/၃၊ တောင်သူ ဦးသန်းစိုး၏လယ်မြေ(၅.၀၅) ဧက၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီ ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထွန်တုံးပိတ်ပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်ဌေးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများ တက်ရောက် ခဲ့ကြပြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မုန်းသီတာကုမ္ပဏီတို့ပူးပေါင်း၍ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း၌ ဆာဖိုးသာမျိုးစပါးအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment