MNP ၊ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ဝါတွင်းကာလအတွင်းစိတ်ချမ်းမြေ့စွာဥပုသ်သီလဆောက်တည်နိုင်ရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက စဉ့်ကူးမြို့အမှတ်(၂)ရပ်ကွက်ရှိ သစ္စာအောင်မြေစံကျောင်းတိုက်နှင့် ရန်ပြေမာန်ပြေမီးကွင်းကပ်ကျော် ရှေးဟောင်းစေတီတော်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းကိုဦး နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်သောအဖွဲ့တို့က သစ္စာအောင်မြေစံကျောင်းတိုက်နှင့် ရန်ပြေမာန်ပြေမီးကွင်းကပ်ကျော် ရှေးဟောင်းစေတီတော် ပရဝုဏ်ဘေးဝန်းကျင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment