MNP ၊ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိန်မြက ဦးဆောင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့ သည် ယမန်နေ့၊ နံနက်ကရသေ့တောင်မြို့သိုရောက်ရှိခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ခရိုင်အဆင့်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့်မြို့နယ်အဆင့်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ ခဲ့ကြသည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ခနောင်းကြီးကျေးရွာရှိ တောင်သူ ဦးသန်းနိုင်၏ လယ်ကွင်း၌ စိုက်ပျိုးရေးဌာနနှင့်အကျိုးတူပူးပေါင်း၍ GW-11မိုးစပါးစံပြကွက်စိုက်ပျိုး နေမှု အခြေအနေများကိုကွင်းဆင်းကြည့်ရှုပြီးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမြေနေရာအားစာကျက်မြေပယ်ဖျက်ခွင့်ရရှိရေးတို့ကိုကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်ထွေ/အုပ်ပိုင် ဧည့်ရိပ်သာပြုပြင်ပြီးစီးမှုအခြေအနေများအားသွားရောက်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မြို့နယ်ထွေ/အုပ်ရုံးစစ် ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးအစည်းအဝေးခန်းမယာယီပြုပြင်ပြီးစီးမှုအခြေအ နေအားလှည့်လည်ကြည့်ရှုပြီးရုံးဝန်ထမ်းများနှင့် တွေဆုံကာလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment