တနင်္သာရီမြို့နယ် Community Centre တွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ် Community Centre တွင် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဩဂုတ်  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး မုန်တိုင်းအန္တရာယ်ဖြစ်စဉ်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ အသိပညာပေး(TALK SHOW) ဆွေးနွေးပွဲကို ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) (အင်အားပြ)ဒေါ်သင်းစပယ်ဖြူက အသိပညာပေး(TALK SHOW)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပေးပါသည်။


ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်သဥ္ဇာဝင်း(အငယ်တန်းစာရေး)က မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များကိုလည်းကောင်း၊ အလားတူမြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်သင်းစပယ်ဖြူက မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့်ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးအချိန်တွင် ရှောင်ရှားသင့်သည့်အချက်များကိုလည်းကောင်း ပညာပေးဆွေးနွေးပေးကြောင်း သိရသည်။


တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး(TALK SHOW) ဆွေးနွေးပွဲအစီအစဉ်ကို အပတ်စဉ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိပြီး ယခုအသိပညာပေး(TALK SHOW) အစီအစဉ်ရုပ်/သံကို မည်သူမဆိုအချိန်မရွေးလေ့လာနိုင်စေရန်အတွက် တနင်္သာရီမြို့နယ် ဝင်္ကဘာတောင်-သန္တိသုခစေတီတော် Page နှင့် Tanintharyi Township Telegram တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)