MNP ၊ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မြောင်းမြမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးဆန်းလင်းအောင်၏ အသားစားကြက်ကောင်ရေ(၁၇၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းသုံး ခြံဖြန်းပိုးသတ်ဆေးများ ပံ့ပိုးပေးခဲ့သည်။ အဆိုပါ အသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့်မွေးမြူထားရှိပြီး ၃၅ ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ၊ တောင်သူဦးမိုးဝင်း၏လယ်မြေတွင် ပြုလုပ်သည့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲတက်ရောက်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြောင်းမြခရိုင်အတွင်း မိုးစပါးရေတော်မိုးတော် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးစပါးရေတော်မိုးတော်ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးစေရေး၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးခြင်းအား အချိန်မီစိုက်ပျိုးနိုင်စေရေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost

No comments:
Post a Comment