ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာ



MNP ၊  ဩဂုတ်  ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝ တမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ နှစ်ပေကျော်ခန့် ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်း ဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။  


ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုရှိခဲ့ပြီး တမံရေပိုလွှဲမှ ၂ ဒသမ ၃ ပေခန့်အထိ ရေကျော် ကျမှုရှိခဲ့သဖြင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ အစိမ်းရောင်အလံများ စိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခြင်း ၊ ရေကင်းတာဝန်ကျ ဝန်ထမ်းများကလည်း တမံကြံ့ခိုင်မှု အခြေအနေအား အလှည့်ကျစောင့်ကြည့် စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ယခုအခါ မိုးရွာသွန်းမှု ရပ်တန့်သွားပြီဖြစ်၍ ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှု မရှိတော့၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီး ယနေ့နံနက်၆နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ ၁ဒသမ၅ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း သိရသည်။  


ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အား ထုတ်လွှတ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုလျက်ရှိကြောင်း သိ ရသည်။ ထို့အပြင် ဒေသတွင်းရှိ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ(နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများ ပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေနှင့်သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနေသဖြင့် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေ အဓိကမှီခိုအားထားရသည့် တမံတစ်ခုလည်းဖြစ်ကြောင်း သိရသည်။


 လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)