တရားမဝင်စက်သုံးဆီ၊ သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်ယာဉ်များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်စက်သုံးဆီ၊ သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်ယာဉ်များ သိမ်းဆည်းရမိ


MNP ၊ သြဂုတ် ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာမုံရွာမြို့ နန္ဒဝန်ရပ်ကွက် ကျောက္ကာလမ်းမအနီး၌ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် စက်သုံး ဆီ 92 ဓာတ်ဆီ ၁၇၅ ဂါလန်နှင့် ချက်ဆီ ဂါလန် ၆၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၂၄၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ် ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်း မိုင်တိုင်အမှတ် ၁၄ မိုင် လေးဖာ လုံနေရာ၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းခွဲ သား ၅ ဒသမ ၃၁၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၄၂၃၂၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ မန္တလေး-မူဆယ် ကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် တစ်ဖာလုံ၌ မူဆယ်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Brand New Car Spare Parts (Crown Pinion Set) ကီလိုဂရမ် ၁၃၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၄၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၉၆၉၂၀ ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် သြဂုတ် ၂၀ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က မိုင်းဆတ်မြို့နယ် ဆိုက်ခေါင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်းဆတ်မြို့မှ နမ့်ကျန်းကျေးရွာသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း  အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် LEO Beer ဘူး ၁၂၀ အပါ အဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၅၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နောင်ဆိုင်းကျေးရွာအနီး ရှောင်ကွင်းလမ်းတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် ပိတောက်သစ်ခွဲသား သုညဒသမ ၁၈၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ် ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝေါမြို့အနီး၌ ကော့ကရိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Wai Wai Instant Rice Vermicelli ဖာ ၂၄၀၊ Gaysorn Vegetable Cooking Oil ဘူး ၁၆၀၊ Child Jean Short Pen အထည် ၄၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၆၇၄၁၂)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hyundai Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် ၈ ဒသမ ၆၃၆ တန်၊ သစ်မာ ၁ ဒသမ ၈၆၁ တန်နှင့် အခြားသစ် ၁ ဒသမ ၁၅၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၀၄၃၁၆) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၇၁၇၂၈ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၁၅ ရက်၊ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၂၉၉၆၄၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)