ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယအကြိမ် (၂) လက်မအရွယ် ငါးသားပေါက်များ ငါးမွေးမြူရေးတောင်သူများထံသို့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယအကြိမ် (၂) လက်မအရွယ် ငါးသားပေါက်များ ငါးမွေးမြူရေးတောင်သူများထံသို့ပေးအပ်






MNP ၊  ဩဂုတ်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဟုမ္မလင်း ငါးကန်အတွင်းသို့ ဒုတိယ အကြိမ် (၂) လက်မအရွယ် ငါးသားပေါက်များ (၈၄၄၀၀) ကောင်ရေအား ငါးမွေးမြူရေးတောင်သူထံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ အောင်သာငြိမ်းကျေးရွာ ငါးလုပ်ငန်းစခန်းတွင် ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ ငါလုပ်းငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာ စုမျိုးသွယ်က ဟုမ္မလင်း ငါးသားပေါက်စခန်းတည်ဆောက်ရခြင်းရည်ရွယ်ချက်နှင့် ငါသားပေါက်များ ပေးအပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ အခမ်းအနားတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်တောင်သူ (၃၅) ဦးတို့၏ မြေဧရိယာ (၄၀ ဒသမ ၆၇) ဧကအတွက် ထိုင်းငါးခုံမကြီး၊ (၃၄၄၀၀) ကောင်၊ ငါးမြစ်ချင်း (၅၀၀၀၀) ကောင်၊ စုစုပေါင်း (၂) လက်မအရွယ်ငါးသားပေါက်ကောင်ရေ (၈၄၄၀၀) ကောင်အား တာဝန်ရှိသူများက ငါးမွေးမြူရေး လုပ်ငန်းရှင်များထံသို့ပေးအပ်ရာ အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးဦးစီး ငါးလုပ်ငန်းဦးစီးဌာနမှူးဌာန ဒေါက်တာစုမျိုးသွယ်၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်းများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)