MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများအား ပြန်လည် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး နန္ဒာရာမပရိယတ္တိ စာသင်တိုက်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတိုက်၊ မဟာဇေယျသိဒ္ဒိအဓိဋ္ဌာန်ကျောင်းတိုက်၊ ခေမာမဏ္ဍိုင် ကျောင်းတိုက်၊ အမ္ဗာရာမကျောင်းတိုက်နှင့် ကျားရုပ်ဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ကျောင်းတိုက်အသီးသီးသို့ သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ ကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား စစ်တွေတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment