MNP ၊ ဩဂုတ် ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆေးအရောင်းဆိုင်များနှင့် စျေးဆိုင်များအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်အခွန်ဦးစီးဌာန၊မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆေးအရောင်းဆိုင်များနှင့်စျေးဆိုင်များတွင် တရားဝင်လိုင်စင်နှင့် သက်တန်းလွန်ဆေးဝါးများ၊စပ်ဆေးများ၊တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် အခွန်ပေးဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သောအစားအစာများနှင့်အခြေခံစားသောက်ကုန်များကို သတ်မှတ် စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment