MNP ၊ ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း တွေ့ရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတော် အစိုးရနှင့် အိုင်အယ်လ်အို၏ တိုင်ကြားမှု ယန္တရားပါ အဓမ္မခိုင်းစေမှုနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းတို့မှ ပပျောက်ရန် အတူတကွလက်တွဲဆောင်ရွက်ခြင်း အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment