ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ





MNP ၊  ဩဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား မေလ မှ စတင် ချေးပေးလျက်ရှိကြောင်းသိရသည်။


ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရန် တောင်သူ (၉၁၉၁)ဦးဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀/-နှုန်းဖြင့် လယ်ဧက (၄၈၃၅၅)ဧကအတွက် ငွေကျပ်သိန်း (၇၂၅၃၂)ကျပ် လျာထားလျက်ရှိရာ ယမန်နေ့အထိ အုပ်စု (၄၄)အုပ်စုရှိ တောင်သူ (၅၀၅၁)ဦးအား တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ဧက (၂၇၆၈၄)ဧက အတွက် ငေွကျပ် သိန်း (၄၁၅၂၆)ကျပ် ထုတ်ချေးပြီးကြောင်းသိရသည်။ 


အဆိုပါချေးငွေများကို ၂၀၂၃-ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၂၄-ခုနှစ် ၊ဧပြီလကုန် သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊မန်နေဂျာ ဒေါ်သီသီလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)