အမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်/ပြည်ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများညှိနှိုင်းအစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်/ပြည်ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများညှိနှိုင်းအစည်းဝေးကျင်းပ






MNP ၊  ဩဂုတ်  ၁၉

 ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်/ပြည်ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းစီမံကိန်းအသစ်များ ညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နေလည် ၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


  ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်ကအမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်၂၀၂၄-၂၀၂၅ဘဏ္ဍာ ရေး နှစ်အတွင်း ပြည်နယ်/ပြည် ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ဆောင် ရွက်ဆဲလုပ်ငန်း စီမံကိန်းများနှင့်လုပ်ငန်း စီမံကိန်းအသစ်များ ဆောင်ရွက်ရန် လျှာထားမှုအခြေအနေများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးက ပြည်နယ်/ပြည်ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ ဆောင်ရွက်ဆဲ လုပ်ငန်း စီမံကိန်းများနှင့် လုပ်ငန်းစီမံကိန်းအသစ်များဖြစ်သည့် ကျောက်ချောလမ်း၊ကျေး ရွာချင်းဆက် မြေသားလမ်း၊ကျေးလက် တံတား၊ ကျောက်ချောလမ်း အဆင့်မြှင့်တင်ရေး၊  ရေပေးကန်၊ ကွန်ကရစ်လမ်း၊ ရေလှောင်ကန်၊ ရေစုကန်၊ကွန်ကရစ်ပြွန်၊ မြေသားရေကန်၊အခြေခံပညာကျောင်းအဆောက် အဦ၊ ကျောင်းဆောင်သစ်၊ မှုလ တန်းကျောင်း အမိုးပျက်စီးမှု၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ကျန်းမာရေးအဆောက်အဦ၊ဆေး ပေးခန်း စသည့်  လုပ်ငန်းစီမံကိန်း များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


  ထို့နောက် မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်နှင့် ဦးစီးအရာရှိ ဒေါ်သပြေသင်းတို့ကငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရင်းနှီးမြုတ်နှံမှုအစီအစဉ်များ ရေးဆွဲတင်ပြသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်အတွင်း ပြည်နယ်/ပြည် ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းစီမံကိန်းအသစ်များ အဆိုပြုချက် စုစုပေါင်း (၃၁၉)ခုအား ရှင်းလင်းဆွေးနွေးပြောကြားကြရာ မြို့နယ် ပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများက အများပြည်သူများ နေ့စဉ်အသုံးပြုလျှက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းဆွေးနွေးပြောကြားကြသည်။


   ယင်းနောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ပြည်နယ်/ပြည် ထောင်စု ရံပုံငွေဖြင့် ဆောင်ရွက်မည့်/ ဆောင်ရွက်ဆဲ လုပ်ငန်း စီမံကိန်းများနှင့် လုပ်ငန်းစီမံကိန်းအသစ်များ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)