MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းသန်းရှင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေနံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ အောင်မင်္ဂလာသောက်ရေကန်အနီးပတ်ဝန်းကျင်များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အောင်မင်္ဂလာသောက်ရေကန်အနီးပတ်ဝန်းကျင်ရှိ မြက်ပင်၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို တက်ညီလက်ညီဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်း
ကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost







No comments:
Post a Comment