MNP ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က သက်ဆိုင်ရာကျောင်းများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော သူနာပြုကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်ပြည်ပြီး KG ကျောင်းသား ၊ ကျောင်းသူများနှင့်အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများ ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီ စနစ်တကျထိုးနှံပေးခဲ သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ယမန်နေ့က အခြေခံပညာကျောင်း (၅)ကျောင်းတွင် စုစုပေါင်း ကျောင်း သား/သူ ၂၄၈ ဦးတို့ကိုထိုးနှံပေးခဲ့ရာ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်း သား/သူ ၄၃ ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ၊ ကျောင်းသူ ၂၀၅ ဦးကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment