မြစ်ကြီးနားမြို့၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်အတွင်း တည်ထားကိုးကွယ်သော လေးကျွန်းရန်အောင်ကပ်ကျော်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်အတွင်း တည်ထားကိုးကွယ်သော လေးကျွန်းရန်အောင်ကပ်ကျော်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်


MNP ၊ ဩဂုတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်အတွင်း တည်ထားကိုးကွယ်သော လေးကျွန်းရန်အောင်ကပ်ကျော်စေတီတော်မြတ်ကြီး ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဝန်းသို ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများအား သံဃာတော် များထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ဝန်းသိုကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူကာ ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော် မြတ်ကြီးအား လက်ယာရစ် ၃ ကြိမ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ ပင့်ဆောင်တင်လှူပူဇော်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော် ကြသည်။

ဆက်လက်၍ သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)