ဂွမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၈

  ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့၊ မွန်းလွဲ (၂)နာရီက ဂွမြို့ မကျေးငူကျေးရွာနှင့် ရွှေရချိုင်ကျေးရွာ များသို့ ကွင်းဆင်းပြီး ကျေးရွာဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတွေ့ဆုံဆွေးနွေးပြီး  ပန်းခင်းစီမံချက်(၂)ဖြင့် လတ်တလောပြုလုပ်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။


   ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ကျေးငူကျေးရွာရှိ ဓမ္မရက္ခတ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိမိတို့ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြပေးကြရန်နှင့် နိုင်ငံတော်အစိုးရက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး သန်ဇင်အောင်က ရပ်ရွာလုံခြုံရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ယာယီရဲမှူး ခင်မောင်ထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းအသိပညာပေးခြင်းကို လည်းကောင်း၊ ရပ်မိရပ်ဖ ဦးလှတင့်က  ဒေသလိုအပ်ချက်များနှင့်ပတ်သက်၍လည်းကောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ယာမြေစာရင်းအင်းဦးစီးဌာန၊ ပညာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက မိမိတို့ဌာနများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လည်းကောင်း ချပြရှင်းလင်းပြောကြားခဲ့ကြပြီး၊တက်ရောက်လာကြသည့်ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင် ရာဌာနများအလိုက် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ပြုလုပ်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများက ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)