NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ပလဖအဖွဲ့ဝင် အကြမ်းဖက်သမား ၁ဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ပလဖအဖွဲ့ဝင် အကြမ်းဖက်သမား ၁ဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



MNP ၊ သြဂုတ် ၁၈

ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ လက်ပါးစေ ပလဖ အဖွဲ့ဝင် ကားသမား မျိုးကျော် ၏ နေအိမ်အား ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အမျိုးသမီး ၁ဦးနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် ကျဘမ်းလုပ်ကိုင်သူ သီတာဦး၊ ၃၅ နှစ်၊ (ဘ)ဦးဝင်း နှင့်အတူ  အမျိုးအစား(စိစစ်ဆဲ) စနိုက်ပါ ၁ လက်၊ စနိုက်ပါကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်၊ M4 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ M4 ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၀ တောင့်၊ KA မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၆ တောင့်၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ပလပ်ခေါင်း ၅၇ ခု၊ ဖျူးစ် ၁၀၀ ခု၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် သံဖြတ်စက် ၈ လုံး၊ ခဲဂေါက် ၂ ချောင်း၊ တံဆိပ်ပါ နဖူးစည်း  ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန် က ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ဂျင်းခင်မောင်စိုး၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာတွင် တပ်မတော်သား၏ လက်နက်များကို သိမ်းပိုက်ရရှိနေသယောင် လီဆည်ပြောဆိုခဲ့ပြီး  ယခု ရက်ပိုင်းအတွင်း NUG သြဇာခံ PDF အကြမ်းဖက်အဖွဲ့များ၏ စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)