အရည်အသွေးပြည့်မီသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အရည်အသွေးပြည့်မီသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်


MNP ၊ သြဂုတ်  ၂၈

အရည်အသွေးပြည့်မီသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးသယ်ပိုးနိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်းများ ပျိုးထောင် ပေးရေးကြိုးပမ်းဆောင်ရွက်ရန်၊ သုတေသနအခြေပြုတက္ကသိုလ်ဖြစ်လာစေရေး အလေးပေးဆောင်ရွက်ရန် ၂၆-၈-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုကာ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှု ပိုမိုမြင့်မားလာစေရေးဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာ စာအုပ်များအပြင် သတင်းစာများ၊ သုတ/ရသစာအုပ်များကို ပုံမှန်ဖြည့်ဆည်းထားရှိရန် မှာကြားပြီး စားသောက်ရေး အခြေအနေများ၊ စာပေဖတ်ရှုလေ့လာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျောင်းသားဆောင်ဝင်းအတွင်း စိုက်ပျိုးထားသည့် သီးပင်၊ စားပင်စိုက်ခင်းများနှင့် ပင်မ သုံးထပ်စာသင်ဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်နှင့် ဝန်ထမ်းများက ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကို (အပေါ်ပုံ) ကြည့်ရှုစစ်ဆေးကာ MSME ကုန်ထုတ်လုပ်ငန်းများ  ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ဆောင်ရွက်ရန်မှာကြားပြီး အဆောင်များ၌ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)