သန်လျင် ဩဂုတ် ၂၈
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီ၏ (၁၉) ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်းကြီးကြပ်မှုကော်မတီ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် Advanced Diploma in Business Management (BMAD) အောင်မြင်ပြီးသော သင်တန်းသား သင်တန်းသူ ၈၉ ဦးနှင့် Higher Diploma in Business Management (BMHD) အောင်မြင်ပြီးသော သင်တန်းသား သင်တန်းသူ ၁၁၅ ဦးတို့အနက် ဒီပလိုမာ လက်မှတ် တက်ရောက်ယူမည့်သူ ၆၄ ဦးနှင့် အဝေးရောက် ၅၁ ဦးတို့ကို သက်ဆိုင်ရာ ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းပြီးနောက် ပါမောက္ခချုပ်က အမှာစကားပြောကြားရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ ပူးပေါင်းပြီး Business Management Higher Diploma (BMHD) နှင့် Business Management Advanced Diploma (BMAD) သင်တန်းများကို ၂၀၁၄ ခုနှစ်မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါတွင် BMHD (Batch 12) နှင့် BMAD (Batch 11) အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းခွင်အသုံးချသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းအားဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီး ပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် အရည်အချင်းပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေပြီး ဗလငါးတန်နှင့် ပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် တရားမျှတပြီး ရိုးသားပွင့်လင်းသည့် အသိတရားများရရှိစေရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ဒီပလိုမာလက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
Myanmar National Post
No comments:
Post a Comment