ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့လုပ်ငန်းများသို့ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာစာအဖွဲ့လုပ်ငန်းများသို့ ကြည့်ရှုစစ်ဆေး


MNP ၊ ဩဂုတ် ၂၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်စီမံဌာနနှင့် တက္ကသိုလ်စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်္ချာ၊ သမိုင်း၊ ပထဝီနှင့် အင်္ဂလိပ်စာဌာန စာသင်ခန်းများရှိ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာသင်ယူရာတွင် မိမိတို့သင်ယူရသည့် ဘာသာရပ်များကို တတ်ကျွမ်းအောင် ကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားပြီး ဘာသာရပ်ဌာနများကို လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ ရောက်ရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့တွင် ဩဂုတ် ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် China-ASEAN Education Cooperation Week (CAECW) 2023 and One Belt One Road University Presidents’ Forum 2023 ဆွေးနွေးပွဲတွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်က ပါဝင်ပြသမည့် တက္ကသိုလ်ပြခန်းနမူနာကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

အဆိုပါ China-ASEAN Education Cooperation Week (CAECW) 2023 and One Belt One Road University Presidents’ Forum 2023 ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ တက္ကသိုလ်ပြခန်းပေါင်း ၁၀၀ ကျော် ပြသမည့်အစီအစဉ်တွင် မြန်မာနိုင်ငံ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှပါဝင်၍ ပြခန်းတစ်ခု ပြသမည်ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပရဝဏ်၊ စာသင်ခန်းများအတွင်း သင်ယူလေ့လာနေမှုအခြေအနေနှင့် ဘာသာရပ်ဆိုင်ရာဌာနများကို လှည့်လည်ကြည့်ရှုပြီး ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ စဉ်းစားတွေးခေါ်မှုကို အားပေးသော၊ စာကြည့်တိုက်နှင့် အင်တာနက်အသုံးပြုသော သင်ကြားသင်ယူမှုစနစ် အသုံးပြုမှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနသို့ ရောက်ရှိပြီး မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများထံမှ အကြံဉာဏ်များရယူကာ ရှေ့လုပ်ငန်းအစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)