ရေဆင်းတက္ကသိုလ် ဝင်ခွင့်များ စက်တင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထား လက်ခံမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဆင်းတက္ကသိုလ် ဝင်ခွင့်များ စက်တင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထား လက်ခံမည်


MNP ၊ သြဂုတ် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လကထဲက စတင်ခေါ်ယူနေပြီး စက်တင်ဘာလ (၈) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.)၊ (၅)နှစ် သင်တန်းအတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်ထားသူသည်-

ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။ 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။

ကွင်းလက်တွေ့လုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် ပါဝင် လေ့ကျင့် လုပ်ဆောင်ကြရမည် ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်နိုင်သည့် ကျန်းမာရေး (က) အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူ ဖြစ်ရမည်။

တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ (၅၀%) နှင့် အမျိုးသမီးဦးရေ (၅၀%) လက်ခံသွားမည် ဖြစ်ကာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၀၀) ဦး လက်ခံမည် ဖြစ်ကြောင်း သိရသည်။ 

Semester I (ပထမနှစ်) ဝင်ခွင့်လျှောက်လွှာကို မိမိအစီအစဉ်ဖြင့် (A4-Size) ကွန်ပျူတာရိုက်၍ လျှောက် ထားနိုင်သကဲ့သို့  www.yau.edu.mm/event  တွင်လည်း ဝင်ခွင့်လျှောက်လွှာပုံစံကို ရယူနိုင်သည်။ 


ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက်ထားလိုသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို တစ်ပါထဲ ပူးတွဲ တင်ပြရမည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) ( ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်။ )

အမှတ်စာရင်း (မိတ္တူ) ( ကျောင်းအပ်နှံချိန်တွင် မူရင်းတင်ပြရမည်။ )

သက်ဆိုင်ရာ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ) (ဃ) လိုင်စင်ဓါတ်ပုံ (၃) ပုံ ( ကျောင်းအပ်ချိန်တွင် ပေးအပ်ရန် )

အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း) (သို့) သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက် (မူရင်း) တို့ကို ( ကျောင်းအပ်ချိန်တွင် ပေးအပ်ရန် )

 

လျှောက်လွှာကို အထက်ပါ အထောက်အထားများနှင့်အတူ စက်တင်ဘာလ (၈) ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့) Email လိပ်စာ student-affairs@yau.edu.mm သို့ Scan ဖတ်၍ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။ 

 

အသေးစိတ် စုံစမ်း မေးမြန်းလိုပါက ဆက်သွယ်ရန် -

လိပ်စာ - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်

ဖုန်း - ၀၆၇ ၃၄၁၆၅၁၂၊ ၀၉ ၈၉၄၄ ၁၅၇၉၀ 

 

အချက်အလက်များ မှန်ကန်မှု မရှိပါက ထည့်သွင်း စဉ်းစားမည် မဟုတ်သဖြင့် ရွေးချယ်ခြင်း မခံရပါက အခြားတက္ကသိုလ်များသို့ အချိန်မီ တက်ရောက်နိုင်ရေး လျှောက်ထားမှု ပြုလုပ်ထားရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်းကို ကျောင်းဖွင့်ချိန်နှင့်အတူ အချိန်မီ အသိပေး ကြေညာသွားမည် ဖြစ်ပြီး www.yau.edu.mm/event  တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)