ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဩဂုတ်  ၂၃

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် ယ​နေ့ ညနေပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


  ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၁)ရှိ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့် စပ်လျဥ်းသည့် စည်းကမ်းချက်များ၊ အသုံးစရိတ်သုံးစွဲရန် အဓိကအချက်များ၊ လစာနှင့်စရိတ်အခြေခံမူများအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး​ ဒုတိယဦးစီးမှူး​ ဦးဝင်းမင်းစိုးက ဝန်ထမ်းများသို့ ကြိုတင်ထုတ်ပေးငွေ အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်​ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို ပြန်လည်​ဆွေး​နွေးခဲ့ကြ​​သည်။


အဆိုပါစာဖတ်ဝိုင်းကို ​ငွေစာရင်းထိန်းသိမ်းနည်းအားသိရှိ​စေရန်နှင့် ကျွမ်းကျင်မှုရှိ​​စေရန်အတွက် ​ဆောင်ရွက်ခြင်းဖြစ်​ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)