MNP ၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနရုံးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတို့၌ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းဝေးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျံတို့က ဝက်မွေးမြူသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကူးစက်ရောဂါဖြစ်ပွားလျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment