MNP ၊ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပတ်စဉ် စနေနေ့ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၇နာရီက သီတဂူဇောတိကစက္ခုဒါနကျောင်းဝန်းအတွင်းရှိ ပေါင်းမြက်ခြုံနွယ်များအား ရှင်းလင်းခဲ့သည်။
ထိုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၂၀၀)ဦးက လမ်းဘေး ဝဲ၊ ယာရှိပေါင်းမြက်၊ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး ထွက်ရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မျိုးသိန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment