MNP ၊ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့သန့်ရှင်းသာယာရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အပတ်စဥ် သန့်ရှင်းရေး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းဝန်းအတွင်းနှင့် မြို့ပတ်လမ်းတစ်လျှောက် လက်ဝဲ၊လက်ယာအမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အမှတ် (၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းဝန်းအတွင်းနှင့် မြို့ပတ်လမ်းတစ်လျှောက်လက်ဝဲ၊ လက်ယာအမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment