MNP ၊ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် မြို့သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့် အညီ အထင်ကရ နေရာများ၊ တန်ခိုးကြီးဘုရားများတွင် အပတ်စဉ်စုပေါင်း သန့်ရှင်းေရးကို ဆောင်ရွက်လျက်ရှိရာ မယာမာန်ရွာအုပ်စု၊ မယားမာန်ကျေးရွာ၊ ရွှေနတ်တောင်စေတီပရဝုဏ်းအတွင်းတွင် ယနေ့နံနက်ပိုင်းကအထူး စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူး ရဲမှူးနိုင်စိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မယားမာန်ကျေးရွာအုပ်စုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment