မာန်အောင်မြို့ မြို့သစ်ရပ်ကွက်အ-မ-က ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့ မြို့သစ်ရပ်ကွက်အ-မ-က ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်







MNP ၊  ဩဂုတ်  ၅

ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့သစ်ရပ်ကွက် အ-မ-က ကျောင်း၌ ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ကလေးသူငယ်များ သွေးလွန်တုတ်ကွေးမဖြစ်ပွားစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက်၈နာရီတွင် ကျောင်းဝင်း၊ကျောင်းပြင်ရှိ ချုံနွယ်ပိတ်ပေါင်းများ၊ပိတ်ဆို့နေသောရေမြာင်းများ ရေစီး ရေလာကောင်းမွန်ပြီးခြင် လောက်လန်းများမပေါက်ပွားစေရေး ရေမြောင်းတူဖေါ်ခြင်းစသည့် လုပ်ငန်းများကို စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့သစ်ရပ်ကွက် အ-မ-ကကျောင်းဝင်း/ကျောင်းပြင်ရှိ  ချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ရေမြောင်းများတူးဖေါ်ခြင်းစသည့်သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)