ဘီးလင်းမြို့နယ်တွင်တောင်ကျရေစီးဆင်းကာ ရန်ကုန် -မော်လမြိုင် ကားလမ်းရေကျော်မှုကြောင့် ကားလမ်းယာယီပိတ်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်တွင်တောင်ကျရေစီးဆင်းကာ ရန်ကုန် -မော်လမြိုင် ကားလမ်းရေကျော်မှုကြောင့် ကားလမ်းယာယီပိတ်ထား



MNP ၊  ဩဂုတ်  ၁၀

 မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၉ ရက် မနက် ပိုင်းတွင် ရန်ကုန် - မော်လမြိုင်သွား ကားလမ်း သကြားစက်ရုံနှင့် အရက်ချက်စက်ရုံအကြား မိုင်တိုင်အမှတ် ၁၂၆/၄ နှင့် ၁၂၆/၅ အကြား ကားလမ်းမပေါ်တွင် ရေလျှံ၍ ရေအကျယ် ပေ (၈၅၀)၊ အနက် (၂)ပေ (၆) လက်မခန့်၊ ဒေါက်ရပ်ကျေးရွာ မိုင်တိုင်အမှတ် ၁၂၇/၇ နှင့် ၁၂၈/၀ အကြား ကားလမ်းမပေါ်သို့ ရေအကျယ် ပေ (၄၀၀)၊ အနက် (၁၈)လက်မခန့်နှင့် မိုင်တိုင်အမှတ် ၁၂၉/၂ရှိ မစောတံတား အနီးတွင် ရေအကျယ် ပေ (၁၀၀)၊ ရေအနက် (၃)ပေခန့် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေ၍ ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။


 အဆိုပါ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်သို့ ရေဖြတ်ကျော်မှု များဖြစ်ပေါ်နေမှုကြောင့် ဘီးလင်းမြို့နယ် လမ်းဦးစီးဌာနမှလမ်းပြ အမှတ်အသားများ စိုက်ထူခြင်းများဆောင်ရွက်ထားရှိပြီး လမ်းမပေါ်တွင်ဖြတ်သန်းသွားလာသည့် ယာဉ်ကြီး/ယာဉ်ငယ်များ အားလုံးကို ယမန်နေ့ သြဂုတ် ၉ ရက် နံနက် ၆ နာရီ အချိန်ခန့်မှစ၍ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ယာယီပိတ်ပင်ထားရှိကြောင်းနှင့် မြစ်ရေအတက်အကျပေါ်မူတည်၍ ရန်ကုန်-မော်လမြိုင် ကားလမ်းအား ပြန်လည်ဖွင့်လှစ်ပြီး ယာဉ်များအားဖြတ်သန်းခွင့်ပြုသွားမည်ဖြစ် ကြောင်းသတင်းရရှိပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)